ဗန်းမော် ဇွန် ၂၂
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်လာစေပြီး မြေဆီလွှာ၏ အာဟာရဓာတ်ကို ပြန်လည် ဖြည့်တင်းပေးနိုင်စေရန်၊ မိုးစပါးသီးနှံတစ်ဧက အထွက်နှုန်းတိုးတက်လာစေ ရန်နှင့် ဓာတ်မြေဩဇာသုံးစွဲမှု လျှော့ချနိုင် စေရန် ရည်ရွယ်၍ ဗန်းမော်မြို့နယ် စီဟဲကျေးရွာ၊ ကွင်းအမှတ်(၁၈၅)၊ ဦးပိုင်(၁၁/၁)၊ တောင်သူ ဦးဗေဒါ၏ လယ်မြေ (၂)ဧက၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးထည့်သွင်း ထွန်ယက်မြေမြှုပ်ခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ ညနေ ၃ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဗန်းမော်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်မြင့်နှင့် ခရိုင်(မြေ၊ မျိုး၊ ပိုး) တာဝန်ခံများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးအောင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် စိတ်ပါဝင်စားသည့် တောင်သူ (၂၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)