ပင်းတယ ဇွန် ၂၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့နှင့် ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ပင်းတယမြို့၊ မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်က အသက်မွေးဝမ်းကြောင်း အထောက်အကူပြုအခြေခံ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းအား ပြီးဆုံးသည်အထိ စိတ်ပါဝင်စားစွာ တက်ရောက်လေ့လာသင်ယူခဲ့သည့် အတွက်သင်တန်းသူ/သားများ အားလုံးအထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ပြီး တစ်ဖက်တစ်လှမ်းက အပိုဝင်ငွေရရှိအောင် အကျိုးရှိစွာ ပြန်လည်အသုံးချကြရန်နှင့် မိမိတို့၏ ပစ္စည်းများမိမိရပ်ရွာမှ အခြားရွာများသို့လည်းကောင်း၊ မြို့ပေါ်စျေးဆိုင်ခန်းများသို့ ပါပစ္စည်းမှန်စျေးမှန်ဖြင့် တင်ပို့ရောင်းချနိုင်ရေးတို့အတွက် ထုတ်ကုန်တံဆိပ် Logo ရရှိအောင် လိုအပ်သည်များကို ကူညီထောက်ပံ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းသူ/သားများအား သင်တန်းဆင်းလက်မှတ်နှင့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြုထောက်ပံ့ပစ္စည်းများအား သက်ဆိုင်ရာတာဝန်ရှိသူများမှပေးအပ်ခဲ့ပြီး၊ သင်တန်းသူ/သားများ ကိုယ်စားသင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားပေးခဲ့သည်။
အဆိုပါ သင်တန်းအား ပင်းတယမြို့နယ်၊ အင်းပက်လက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ (၁၄.၆.၂၀၂၂)ရက်နေ့မှ(၂၀.၆.၂၀၂၂) ရက်နေ့အထိ (၇)ရက်ကြာဖွင့်လှစ်သင်ကြားပေးခဲ့ပြီး၊ သင်တန်းတွင် ဘက်စုံသုံးဆပ်ပြာဆီထုတ်လုပ်နည်း ၁၂ မျိုးကို သင်တန်းသူ/သား စုစုပေါင်း၂၀ ဦးကိုစာတွေ့၊ လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။
ပင်းတယ (ပြန်/ဆက်)