ငါန်းဇွန် ဇွန် ၂၂
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုးကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက်ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Phase 9 (ဒုတိယအကြိမ်) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Phase 9 (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေးရာ ယမန်နေ့နံနက် ၉ နာရီမှစ၍ မြို့မဇုံမှ (၃၅၉)ဦး၊ မြို့သာဇုံမှ (၂၅၆)ဦး၊ ငါန်းမြာဇုံမှ (၂၆၅)ဦး၊ ခြင်္သေ့လက်ဇုံမှ (၃၆၇)ဦး၊ သားကျင်ဇုံမှ (၂၉၈)ဦး၊ ဂျိုဇုံမှ (၃၅၀)ဦး၊ သံဘိုဇုံမှ (၁၄၉)ဦး၊ ရေလည်သောင်ဇုံမှ (၂၂၁)ဦးနှင့် ကုလားရွာဇုံမှ (၂၆၉)ဦး စုစုပေါင်း(၂၅၃၄)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ရာ မေ ၉ ရက်နေ့မှ ဇွန် ၂၁ ရက်နေ့အထိ မြို့နယ်အတွင်း ဇုံ(၉)ဇုံမှ Phase 9 (ဒုတိယအကြိမ်)တွင် (၁၆၀၃၈)ဦး ထိုးနှံပြီးကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)