ငါန်းဇွန် ဇွန် ၂၁
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက် (၁၈) နှစ် ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Phase 9 (ဒုတိယအကြိမ်) ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Phase 9 (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေးရာ ယမန်နေ့နံနက် ၉ နာရီမှစ၍ မြို့မဇုံမှ (၁၅၉) ဦး၊ မြို့သာဇုံမှ (၂၅၆)ဦး၊ ငါန်းမြာဇုံမှ (၂၆၅)ဦး၊ ခြင်္သေ့လက်ဇုံမှ (၃၆၇)ဦး၊ သားကျင်ဇုံမှ (၁၉၈)ဦး၊ ဂျိုဇုံမှ (၃၅၀)ဦး၊ သံဘိုဇုံမှ (၄၉)ဦး၊ ရေလည်သောင်ဇုံမှ (၁၈၇)ဦးနှင့် ကုလားရွာဇုံမှ (၁၆၉)ဦး စုစုပေါင်း (၂၀၀၀)ဦး ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခဲ့ရာ မေ ၉ ရက်နေ့မှ ဇွန် ၂၀ ရက်နေ့အထိ မြို့နယ်အတွင်း ဇုံ (၉) ဇုံမှ Phase 9 (ဒုတိယအကြိမ်) တွင် (၁၃၅၀၄)ဦး ထိုးနှံပြီးကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)