နမ့်ဆန်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလက်တွေ့သရုပ်ပြပြုလုပ်

နမ့်ဆန် ဇွန် ၂၁

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် နယ်စပ်ဒေသတိုင်းရင်း သားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ယမန်နေ့နံနက်(၁၁)နာရီအချိန်က မြို့နယ် မီးသတ်ဦးစီးဌာနနှင့်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်း၍  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးအတွက် မီးသတ်ဆေးဘူးများဖြင့် လက်တွေ့သရုပ်ပြ ဆောင်ရွက်ခြင်း၊ ငလျင်ဘေးအန္တရာယ် သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့သည်။

အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ရာသို့ မြို့နယ် မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ၏ တပ်ဖွဲ့ဝင်များမှ ကျောင်းသား/သူများ ဆရာ၊ ဆရာမများက မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြိမ်းသတ်ခြင်း သရုပ်ပြလေ့ကျင့်မှုကိုဆောင်ရွက်ခြင်း၊ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များကလည်း ဒဏ်ရာရသည့်အပေါ်မူတည်၍ ရှေးဦးပြုစုပေးပြီး လူနာတင်ယာဉ်ပေါ်တင်ပေးခြင်းများကို ပြုလုပ်ပေးပြီး ဆရာ၊ ဆရာမနှင့် ကျောင်းသား/သူများ လက်တွေ့ပါဝင် သရုပ်ပြလေ့ကျင့်ခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသပြန်/ဆက်