မိုငိးစံမြို့တွင်  အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက် ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ နှင့်စာစီစာကုံးပြိုင်ပွဲကျင်းပ

မိုင်းစံ ဇွန် ၂၁                                                                                                  

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့ အ.ထ.က ကျောင်းတွင်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြို ဟောပြောပွဲနှင့်စာစီစာကုံးပြိုင်ပွဲအား ယနေ့ နံနက်(၉:၀ဝ) နာရီ အချိန်က ပြုလုပ်ကျင်းပ ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းစံမြို့ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဒုတိယဦးစီးမှုး(ကိုယ်စား) ဒေါ်ကေသွယ်စိုးက မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့ပါသည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများကယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး  အသိပညာပေး စာစီစာကုံးပြိုင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။ ထိုသို့ အသိပညာပေးဟောပြောရခြင်း၏ ရည်ရွယ်ချက်မှာ ကျောင်းသား/သူများ အနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကို ရှောင်ရှားနိုင်စေရန်၊မူးယစ်ဆေးဝါး၏ ကြောက်မက်ဖွယ် ကောင်းခြင်းကိုသိရှိစေရန်နှင့်   စာဖတ်သည့်အလေ့အကျင့် ကောင်းများရရှိစေရန်၊ အသိပညာ ဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းစံ( ပြန်/ဆက်)