ရွာငံ ဇွန် ၂၁
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွာငံမြို့နယ်ရုံးသည် အခြေခံပညာကျောင်းသား/ကျောင်းသူလေးများ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများ ရရှိလာစေရန်၊ ပြောဆိုမှုစွမ်းရည်တိုးတက်လာစေရန်နှင့် မှတ်ဉာဏ်စွမ်းရည် တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်ဦးစီးမှူးဒေါ်ပြည့်ဖြိုးသန့်နှင့် ဝန်ထမ်းများသည် အခြေခံပညာကျောင်းများသို့ သွားရောက်၍ ဟောပြောပွဲများဆောင်ရွက်ခြင်း၊ နယ်လှည့်စာကြည်တိုက်ဖွင့်လှစ်ခြင်း၊ နံရံကပ်စာစောင်များပြသခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လည်ပိုင်းက ရွာငံမြို့နယ်၊ ဈေးတန်းရပ်ကွက်ရှိ၊ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ပထမဦးစွာ မြို့နယ်ဦးစီးမှူးက နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ရခြင်းအကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်ကြောင့် လူငယ်များလမ်းမှားမရောက်စေရန် ရှောင်လေဝေးဝေးမူးယစ်ဆေးအကြောင်းများကို ဟောပြောပြီး ကျောင်းသား၊ ကျောင်းသူလေးများအား စာဖတ်စွမ်းရည်တိုးတက်စေရန်အတွက် စာဖတ်ဝိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးသန့်