ကျိုက်မရောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး

ကျိုက်မရော  ဇွန်  ၂၀

ကျိုက်မရောမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲတွင် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများအား ပုံမှန်ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီမှ စတင်ကာ ချေးငွေထုတ်ချေးပေးရန် ကျန်ရှိသော ဖားပျောက်ကျေးရွာအုပ်စုရှိ မိုးစပါးသီးနှံ စတင်စိုက်ပျိုးမည့်တောင်သူ(၇၀) ဦးတို့အား စိုက်ဧက(၄၇၉)ဧကအတွက် တစ်ဧကလျှင် တစ်သိန်းခွဲကျပ်စီဖြင့် ချေးငွေ(၇၁၈.၅)သိန်းကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်(ခွဲ) ကျိုက်မရောမြို့နယ်ရုံးအနေဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၁၆ ရက်နေ့မှ စတင်ထုတ်ချေးပေးခဲ့ရာ ယနေ့ထိကျေးရွာအုပ်စု ၁၉ အုပ်စုမှ တောင်သူ(၅၂၀)ဦး၊ စိုက်ဧက (၃၀၄၈)ဧကအတွက် စုစုပေါင်းထုတ် ချေးပြီးငွေ​​မှာ (၅၁၁၂)သိန်းရှိပြီးဖြစ်ကြောင်းနှင့် စိုက်ဧကပြည့်မီအောင် ချေးငွေများကို ဆက်လက်ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ မန်နေဂျာ  ဒေါ်သီတာထွန်းထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)