စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ရမည်းသင်း ဇွန် ၂၀

ရမည်းသင်းမြို့နယ် စာရေးဆရာအသင်း၊ အဖွဲ့ဝင်များနှင့် ခရိုင် ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စိတ်ဓာတ်ခွန်အားဖြည့်ရသစာစုများဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “ကျော်နိုင်အောင်ကျော်" စိတ်ဓာတ်ခွန်အားဖြည့်ရသစာစုများစာအုပ်မှ “စည်းကမ်းရှိ တိုးတက်သည်” ခေါင်းစဉ်ကို ခရိုင် ပြန်/ဆက်ဦးစီးဌာန၊ ဦးစီးအရာရှိဦးဖုန်းနိုင်ကလည်းကောင်း၊ ဆရာ၊ ဆရာမများ၏ ကျေးဇူးခေါင်းစဉ်ကို မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးငွေသိန်းကလည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးကြပြီး မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်များနှင့် ခရိုင်ပြန်/ ဆက်ဝန်ထမ်းများမှ ခေါင်းစဉ်အလိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ရမည်းသင်းမြို့နယ် စာရေးဆရာအသင်းနှင့် (Book Club) အဖွဲ့ဝင်တို့ပူပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး တစ်လ ၂ ကြိမ် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူးဦးမျိုးလွင်ထံမှ သိရသည်။

ဇော်ဝင်းအောင်(ခရိုင်၊ ပြန်/ဆက်)