မဘိမ်း ဇွန် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဂရန်အင်းနှင့်တင်ဒါငါးဖမ်းကွက်များအား (တတိယအကြိမ်) လေလံတင်ရောင်းချခြင်းအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညိမ်းသူအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီး မှူး ဦးစိန်လင်းက ဂရန်အင်းနှင့်တင်ဒါငါးဖမ်းကွက်များအား စနစ်တကျလုပ်ကိုင်နိုင်ရေးအတွက် အင်းနှင့်တင်ဒါစည်းကမ်းချက်များကို ဖတ်ကြားရှင်းလင်းခဲ့ပြီး မဘိမ်းမြို့နယ်အတွင်းရှိ ရောင်းချရန် ကျန်ရှိနေသည့် ဂရန်အင်းနှင့်တင်ဒါငါးဖမ်းကွက်များကို တတိယအကြိမ် ဈေးပြိုင်စနစ်ဖြင့် လေလံ တင်ရောင်းချခဲ့ကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)