မိုင်းယု ဇွန် ၂၀
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာန၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးအားချာက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သတ်၍ အဖွင့်အမှာစကားပြောကြားပြီး “မူးယစ်ဆေးဝါအန္တရာယ်တို့ရန်စွယ်”ခေါင်းစဉ်ဖြင့် အရက်၊ ဆေးလိပ်၊ ကွမ်း၊ ဘိန်းဖြူ၊ ကိုကင်း၊ ပက်သဒင်း၊ ဆေးခြောက်၊ WYစိတ်ကြွဆေးများစသည့် မူးယစ်စေသောဆေးဝါးတို့၏ ဆိုးကျိုးများ၊ ပူးပေါင်းတိုက်ဖျက်မှုလုပ်ငန်းများ၊ ပညာသင်ချိန်နှင့် လူငယ်တို့၏လမ်းမှားများ၊ အပေါင်းအသင်းများနှင့် လွဲမှားနေသည့် အတွေးအခေါ်များနှင့် မှားယွင်းသောစူးစမ်းလေ့လာခြင်းစသည့်တို့ကို အကျယ်တဝင်း ရှင်းလင်းဟောပြောခဲ့သည်။
ယင်းနောက် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ ဓာတ်ပုံများနှင့်စာအုပ်စာစောင်တို့ကို ပြသခဲ့ရာ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တက်ရောက်လေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်