ပန်လုံမြို့၌ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲပြုလုပ်

ပန်လုံ  ဇွန်  ၂၀

“ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန်က စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် အလယ်တန်းဆင့်စာစီစာကုံးနှင့် ထက်၊ လယ်၊ မူဆင့် ပန်းချီပြိုင်ပွဲတွင် ကာတွန်း၊ ပုံတူပန်းချီနှင့်စိတ်ကူးပန်းချီများကို စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသားကျောင်းသူများကို ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့တွင် မြို့အုပ်ချုပ်ရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ပန်လုံ(ပြန်/ဆက်)