လွိုင်လင် ဇွန် ၂၀
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ)တွင် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်(၉)နာရီက အဆိုပါကျောင်းဝင်းအတွင်း၌ စိုက်ပျိုးကြကြောင်းသိရသည်။
သစ်ပင်စိုက်ပျိုးပွဲသို့ မီးသတ်ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်ဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာမြင့်၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ) ကျောင်းအုပ်ကြီး ဦးစိန်ကျော်လှိုင်နှင့် ရုံးဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက စိန်ပန်းနီ၊ စိန်ပန်း ပြာ၊ ခါတော်မီ၊ ရေသင်းဝင်နှင့် ချယ်ရီပင် စုစုပေါင်း သစ်ပင်(၆၀၀)ကိုစိုက်ပျိုးကြကြောင်းသိရ သည်။
အဆိုပါ အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ)တွင် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအတွက် လိုအပ်သည့် ပျိုးပင်များကို မြို့နယ်သစ်တောဦးစီး ဌာနမှ ကူညီပံ့ပိုးပေးခဲ့ကြောင်း ကျောင်းအုပ်ဆရာကြီးထံမှ သိရသည်။
လွိုင်လင်မိုး