မိုင်းဖြတ် ဇွန် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာန၏ ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက ဆွမ်တောက်ဘုန်းကြီးကျောင်းဝင်း (သာသနာပိုင်မြေနေရာ) ၌ ကျင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်က စိုက်ပျိုးပင်များကို နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဇော်ငြိမ်းထိုက်နှင့် တာဝန်ရှိသူများကို လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာကြသည့် နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဇော်ငြိမ်းထိုက်၊ မိုင်းဖြတ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး စိုးနိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး အောင်မျိုးနှင့် ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျေးရွာနေပြည်သူများက ကျွန်း(၁၀၀)ပင်၊ မန်ဂျန်ရှား (၂၀၀)ပင်၊ မယ်ဇလီ (၂၀၀)ပင်၊ ငုစပ်(၄၀)ပင် စုစုပေါင်း (၅၄၀)ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)