လုပ်သက်(၂၅)နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်

ကျိုက်မရော  ဇွန် ၂၀

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် လုက်သက် ၂၅နှစ် ကျော် တာဝန်ထမ်းဆောင်ခဲ့သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ပြည်နယ်မီးသတ်ဦးစီးမှူးမှ ချီးမြှင့်သောဂုဏ်ပြုဆုငွေများ ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးဌာန ရုံးသင်တန်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရန်နိုင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးတင်သောင်းဦးက ကျိုက်မရောမြို့နယ် မီးသတ်စခန်းတွင် လုပ်သက် (၂၅) နှစ်အထက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အရန်မီးသတ်တပ်ဖွဲ့ဝင် (၇)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေတစ်ဦးလျှင် သုံးသောင်းကျပ်တို့အား မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း မြို့နယ်မီးသတ်တပ် ဦးစီးမှူးထံမှ သတင်းရရှိသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)