မြစ်သား ဇွန် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍စာရေးဆရာ နတ်သျှင် (ရွှေဂူ)ရေးသားသော "လူငယ်များကို ပျိူးထောင်ပေးပါ"စာအုပ်ဖြင့်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင်ကျင်းပခဲ့ ကြောင်းသိရသည်၊၊
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်က စာဖတ်ဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာအုပ် စာစောင် ချစ်မြတ်နိုးသူများ အဖွဲ့ဝင် ဦးကျော်နိုင်က အဆိုပါစာအုပ်တွင်ပါဝင်သည့် "စကားအန္တရာယ်" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မောင်ရဲဘုန်းနိုင်မြင့်က "ခေတ်ကိုပြောသေား စကားများ' ခေါင်စဉ်ဖြင့်လည်းကောင်း၊ ဒေါ်သီတာအောင်က"လူငယ်နှင့်အပေါင်းအသင်း" ခေါင်းစဉ်ဖြင့် လည်းကောင်းအကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ရာ တတ်ရောက်လာသော စာပေဝါသနာရှင်များက အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်၊၊
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ညွှန်ကြားချက်များ၎င်းအညီ စာပေဝါသနာရှင်များ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူ၊ စာဖတ်ဝါသနာပါသူများဖြင့် လစဉ်ကျင်းပ ပြုလုပ်ပေးမည်ဖြစ်ကြောင်းသိရသည်၊၊
သီတာအောင် (မြစ်သား)