ပျော်ဘွယ်မြို့နယ်တွင် စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်

ပျော်ဘွယ် ဇွန် ၂၀

ပျော်ဘွယ်မြို့နယ်ရှိ စာပေဝါသနာရှင်များစုပေါင်း၍ စာရေးသူ နေမထူး ရေးသားသည့် အနက်ရောင်လွင်ပြင် စာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကို ယနေ့နံနက် (၁၀) နာရီခွဲက မြို့နယ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက စာရေးသူနေမထူး၏ အနက်ရောင်လွင်ပြင် စာအုပ်ပါအကြောင်းအရာများကိုဖတ်ရှုကာ မိမိတို့၏ အတွေးအမြင် များအား အပြန်အလှန် ဆွေးနွေးကြသည်။

စာပေဝါသနာရှင်အနေဖြင့် တက်ရောက်လာသူတတို့က ယခုစာအုပ်တွင် စာရေးသူသည် အရာရှိဘဝ တာဝန်ထမ်းဆောင်စဉ်ကာလတစ်လျှောက် ကြုံတွေ့ခဲ့ရမှုများကို လူငယ်များသတိမူ အတုယူနိုင်ရန်အတွက် ရေးဖွဲ့ထားခြင်းဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲလိုသောကြောင့် ခိုး၊ ဆိုး၊ လုယက်မှု ကျူးလွန်ခဲ့ပုံများ ယနေ့အချိန်အခါတွင် စာအုပ်တွင်ပါရှိသော ကိစ္စရပ်များ မဖြစ်ပေါ်စေရန်အတွက် လူငယ်များ၌ ကိုယ်ပိုင်အသိ၊ ဗဟုသုတများရှိရန် လိုအပ်နေကြောင်း၊ မိဘဆရာတို့၏ သွန်သင်ဆုံးမမှု ကိုလည်းနာခံတတ်ရန်လိုအပ်ပါကြောင်း၊ အနက်ရောင်လွင်ပြင်စာအုပ်သည် လူငယ်ဖွံ့ဖြိုးတိူးတက်ရေးအတွက် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။

မင်းမင်းထွေး(ပျော်ဘွယ်)