မန္တလေး ဇွန် ၂၀
မဲခေါင်စာပေဆုရ ဆရာနေမင်းသန်း၏ ဆည်းဆာရတနာကဗျာ ၁၀၀ (မြန်မာ/အင်္ဂလိပ် နှစ်ဘာသာ) စာအုပ်မိတ်ဆက်နှင့် စာအုပ်လှူဒါန်းပွဲကို ယနေ့နံနက်(၁၀)နာရီတွင် ချမ်းအေးသာစံမြို့နယ် သာသနာ့ဂုဏ်ရည်ကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် ဆရာတော်တက္ကသိုလ်တေဇာလင်းက အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသည့် စာရေးဆရာများ၊ စာရေးဆရာမကြီးများက မုဒိတာစကားများ အသီးသီးပြောကြားကာ ဂုဏ်ပြုကဗျာများ ရွတ်ဆိုကြသည်။
ထို့နောက် စာရေးဆရာနေမင်းသန်းက ဆည်းဆာရတနာကဗျာ ၁၀၀ (မဲခေါင်စာပေဆုရ) စာအုပ်များအား မန္တလေးခရိုင်စာကြည့်တိုက်နှင့် မြို့နယ်ရုံးစာကြည့်တိုက်များအား တစ်တိုက်လျှင်(၂)အုပ်နှုန်းဖြင့် စုစုပေါင်း(၁၄)အုပ်အား ပေးအပ်လှူဒါန်းရာ မန္တလေးခရိုင် လက်ထောက် ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်သန်းက လက်ခံရယူခဲ့ကြောင်းနှင့် ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်များကို ဆက်လက်လှူဒါန်းရာ ရပ်ကွက်/စာကြည့်တိုက်တာဝန်ခံများက လက်ခံရယူခဲ့ကြောင်း သိရသည်။
မြင့်မြင့်သန်း