နောင်ချို ဇွန် ၂၀
၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးရရှိသူနှင့် မိခင်တို့၏ ရင်တွင်းစကားသံများကို ယခုလို ကြားသိခဲ့ပါတယ်။မောင်အောင်ထက်ကျော် WVEC (၃) ဘာသာဂုဏ်ထူးရှင်သားကတော့ မောင်အောင်ထက်ကျော်ဖြစ်ပါတယ်။ နောင်ချိုမြို့ WVEC ကိုယ်ပိုင်ကျောင်းမှာ(၃) ဘာသာဂုဏ်ထူး နဲ့ အောင်မြင်ခဲ့ပါတယ်။ သင်္ချာ၊ ဓာတု၊ ဇီဝ (၃) ဘာသာ ဖြစ်ပါတယ်။ သားခုလို အောင်မြင်ဖို့ အတွက်နေ့စဉ် သင်ခန်းစာများကို ကျက်မှတ် လေ့လာခဲ့ပါတယ်။ ကျန်းမာစေရန် အစာအာဟာရမျှတစွာ စားသုံးပြီးအိပ်ရေး မပျက်အောင်လည်း ဂရုစိုက်ရပါတယ်။ မိခင်နှင့် အစ်မများ၏ ပြုစုစောင့်ရှောက်မှု၊ ဆရာသမားများ၏ သင်ကြားပြသမှုသားရဲ့ ဝိရိယဖြင့် ကြိုးစားမှုများကြောင့်လည်း အောင်မြင်မှုရရှိခဲ့တာ ဖြစ်ပါတယ်ခင်ဗျ။ နိုင်ငံအတွက် အကျိုးပြုနိုင်သော မိဘ၊ ဆရာသမားတို့ကို ကျေးဇူးပြုနိုင်သော သားကောင်း လိမ္မာဖြစ်အောင် ဆက်ကြိုးစား သွားမှာပါလို့ ပြောကြားချင်ပါတယ်ခင်ဗျ။
မောင်အောင်ထက်ကျော်၏ မိခင်ကျွန်မကတော့ သားလေး မောင်အောင်ထက်ကျော်ရဲ့ မိခင်ဖြစ်ပါတယ်။ ကျွန်မတို့မှာ ငွေကြေး မပြည့်စုံပေမဲ့ သားလေးကို (၁၀) တန်းအောင်စေချင်တာကြောင့် ချွေတာစားသောက်ပြီး ကျောင်းထားပေးခဲ့ပါတယ်။ ခုတော့ကျွန်မတို့ သားလေးကို ကျောင်းထားရကျိုးနပ်ပါတယ်။ သားလေးရဲ့ ကြိုးစားမှု ဆရာသမားများရဲ့ သင်ကြားမှုကြောင့် (၃) ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့မှုအပေါ် ဝမ်းသာလွန်းလို့ မျက်ရည်ကျခဲ့မိပါတယ်။ မိခင်တစ်ယောက်အနေနဲ့လည်း ဂုဏ်ယူပါတယ်ရှင်။
ဒေါ်သန်းသန်းထွေး၊ ပြန်/ဆက်၊