စဉ့်ကိုင် ဇွန် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင်၂၀၂၂-ခုနှစ်ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းအသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကိုယနေ့ နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမ၌ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်၀င်း၀င်းသန်းက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သော စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီးဒေါ်စန္ဒာအေးအောင် (ဒုတိယဦးစီးမှူး)က ကျောင်းသား၊ ကျောင်းသူလူငယ်၊ မောင်မယ်များအနေဖြင့် စာပေများလေ့လာဖတ်ရှုကြရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟု သုတများ တိုးတက်လာပြီး မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ အန္တရာယ်များကို အသိပညာပေးဟောပြောခဲ့ သည်။
ဆက်လက်၍ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူကလေးငယ်များက "မူးယစ်ဆေးဝါးတိုက်ဖျက်သွားစို့" ကဗျာဖြင့် ပါ၀င်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲ၀င် ကလေးငယ်များအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်၀န်ထမ်းများကအမှတ်တရ ဆုလက်ဆောင်ပစ္စည်း များပေးအပ်ခဲ့ကြခဲ့ကြကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)