တံတားဦးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲကျင်းပ

တံတားဦး ဇွန်  ၂၀

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်( Community Centre ) ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀) နာရီက ကျင်းပကြောင်း သိရသည်။

အဆိုပါ စာအုပ်စာစောင်ပြပွဲတွင် မြို့နယ္ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦဂဘိုမောင်က မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် တွေ့ကြုံရမည် ဆိုးကျိုးအန္တရာယ်လက္ခဏာများ ၊  မူးယစ်ဆေးဝါးသုံးစွဲသူများတွင် တွေ့ရသော  အမူအကျင့်၊ အလေ့အထများ၊ မူးယစ်ဆေးဝါးသုံးစွဲသူအား ပြုလုပ်ပေးသင့်သောအကြောင်းအရာများ ၊ မူးယစ်ဆေးဝါးရောင်းချသူနှင့် သုံးစွဲသူတို့အား အရေးယူနိုင်  သည့် ပြစ်မှုနှင့် ပြစ်ဒဏ်များကို ရှင်းဆွေးသည်။

ဆက်လက်၍ တံတားဦးမြို့ အ.မ.က မေဃဝန်ကျောင်းသား ၊ ကျောင်းသူများနှင့် ဆရာ ၊ ဆရာမများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးနှင့်ပတ်သတ်သည့် စာအုပ်စာစောင်များ စိတ်ဝင်တစား လေ့လာဖတ်ရှုမှတ်သားကြကြောင်း သိရသည်။

ဦးရဲတင့်