မိုင်းကိုင်မြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မိုင်းကိုင် ဇွန် ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ မိုင်းကိုင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့မနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း၌ ထက်/လယ်/မူ ဆင့်ကျောင်းသားကျောင်းသူများ၏  မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးစာစီစာကုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲသို့  မိုင်းကိုင်မြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများမှ ကျောင်းကိုယ်စားပြုလက်ရွေးစင် ထက်/လယ်/မူ ကျောင်းသားကျောင်းသူ  ၃၈ ဦး  တို့က  "ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ်" ၊ "စဉ်လာဆုံးမ ဩဝါဒရှောင်ကြမူးယစ်ဆေး" ၊ "ရှောင်လေဝေးဝေး မူးယစ်ဆေး"ဟူသော ခေါင်းစဉ်များဖြင့်  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအောင်စိုးဦးနှင့်အဖွဲ့ဝင်များ ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်း ၊မြို့နယ်ပညာရေးမှူး  ဦးခင်မောင်ကို ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးနှင့်ဝန်ထမ်းများ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများကလာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး  လိုအပ်သည်များကို  ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)