မလှိုင် ဇွန် ၁၉
မလှိုင်မြို့နယ်စာပေချစ်မြတ်နိုးသူ နိုင်ငံဝန်ထမ်းအငြိမ်းစား(Book Club)ယာယီအဖွဲ့ဝင်များနှင့် မြို့နယ် ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ “နံ့သာပန်းခင်း” စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက မြို့နယ် ပြန်/ဆက်ရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာရေးဆရာချစ်နိုင်စိတ်ပညာ၏ ဘဝတက်လမ်း၏ခြေလှမ်းများ စာအုပ်ပါအကြောင်းအရာများကို နိုင်ငံဝန်ထမ်း အငြိမ်းစား (Book Club)ယာယီအဖွဲ့ဝင် ဦးတင်ကိုက ဦးဆောင်ဆွေးနွေးခဲ့ပြီး စာပေဝါသနာရှင်ဦးသန်းလွင်က ကြီးပွားတိုးတက်ကြောင်းတရား ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဦးဇော်မင်းက စာပေဝါသနာရှင်များ၏ဆွေးနွးမှု အပေါ်ဖြည့်စွက် ဆွေးနွေးပြီး စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)