လွိုင်လင် စက်တင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၌ ကိုယ်ဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် လူမှုရေးပရဟိတအသင်းများပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်း က လွိုင်လင်မြို့နယ်၊ ပန်ဝိုးကျေးရွာအုပ်စု နောင်ကော့ကျေးရွာ၊ ဟွေဟောင်းကျေးရွာ၊ ပန်းဝိုးကျေးရွာများကို လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဝါးတောကျေးရွာနှင့် နောင်တောင်းကျေးရွာများသို့လည်းကောင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရွာတွင် ကိုယ်ဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လုပ်ငန်းများအဖြစ် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း၊ လက်ကမ်းစာစောင်များ၊ ပိုစတာများဖြန့်ဝေခြင်းနှင့် ရှမ်း၊ ပအိုဝ်း၊ မြန်မာဘာသာများဖြင့် အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နန်းမွှေးမွှေးခင်ထံမှ သိရသည်။
မိုးလွင်ဦး(လွိုင်လင်)