တောင်ဥက္ကလာပမြို့နယ် လူထုအ‌ခြေပြုဗဟိုဌာန(Community Centre) ၌ “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပ

တောင်ဥက္ကလာပ    ဇွန်  ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင်လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယနေ့မွန်းလွဲ ()နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံဖြိုးရေး၊ ကောင်းမွန်သော အလေ့အကျင့် ကောင်းများထားရှိရန်၊ အနာဂတ်တွင် လူရည်ချွန်များဖြစ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင်ကောင်းများ ရရှိစေရန်အတွက်လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် ဟောပြောပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းမှ ပြောကြားခဲ့ပြီး စာအုပ်စာပေ ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့ဝင်၊ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာမ မြမဉ္ဇူဝေ(ကျုံမငေး)မှ ယနေ့လူငယ်လူရွယ်များ စာပေဖတ်ရှုမှုအားကောင်းပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ စာပေဗဟုသုတကြွယ်ဝစေရန်၊ စာပေများမှ မှန်ကန်သောအသိတရား၊ မှန်ကန်သောဆုံးဖြတ်ချက်များ ရရှိစေရန်၊ စာဖတ်ခြင်းဖြင့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း၊ အားလပ်သောအချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club တို့ပူးပေါင်း၍ စာဖတ်ရှိန်မြင့်မားရေးအတွက် စာဖတ်ခြင်အကျိုးကျေးဇူးများကို အသိပညာဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ဟောပြောခဲ့ပြီး ဟောပြောပွဲသို့ စာအုပ်စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာပါသူ လူငယ်လူရွယ်လေးများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထက်ထက်(ပြန်/ဆက်)