မလှိုင်မြို့နယ်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

မလှိုင် ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ယမန်နေ့ နံနက်(၉)နာရီမှစတင်၍ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်  မလှိုင်မြို့နယ်၌ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအနေဖြင့် ရွှေပေါ်ကျွန်း၊ ရွှေကျင်၊ ကျောက်တန်း၊ နတ်စဉ်ကုန်း(YGW)၊ ကျွဲခြံ(ထနောင်းကိုင်း) (၅)ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိပြီး အသက်(၅)နှစ်နှင့်(၁၂)နှစ်ကြား ကျောင်းသား၊ ကျောင်းသူ(၃၃၀)ဦး ပညာသင်ကြားလျက်ရှိသည်။ အဆိုပါ ကျောင်းသား၊ ကျောင်းသူများ “ကျန်းမာသန်စွမ်းပြီး ပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး” အတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် ဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့်အတူ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၅)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ(၃၃၀)ဦးတို့အား ဆေးထိုးအဖွဲ့(၅)ဖွဲ့ဖြင့် ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram) အမျိုးအစားကို ရာနှုန်းပြည့်ထိုးနှံနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

အောင်ဌေး(မလှိုင်)