တောင်ကြီး ဇွန် ၁၇
၂၀၂၂-ခုနှစ် မတ်လအတွင်း ကျင်းပပြုလုပ်ခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်မှ စာစစ်ဌာန(၁၅)ခုတွင် ကျောင်းသားကျောင်းသူပေါင်း (၃၄၁၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ယနေ့တွင် ထုတ်ပြန်သည့် အောင်စာရင်းအရ ဖြေဆိုအောင်မြင်သူပေါင်း (၁၃၉၁) ဦးရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် (၄၀.၇၈)ရာခိုင်နှုန်းအောင်မြင်ခဲ့သည်။
အဆိုပါ အောင်မြင်ကြသူများတွင် (၆)ဘာသာဂုဏ်ထူးရှင်(၆)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် (၇)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၁၂)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၃၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၆၀)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင်(၃၉၆)ဦး စုစုပေါင်း ဂုဏ်ထူးရရှိသူ ကျောင်းသား/ကျောင်းသူ ပေါင်း( ၅၁၂ )ဦးရှိကြောင်း သိရှိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)