တောင်ဥက္ကလာပ ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထုတ်ပြန်ခြင်းကို ယနေ့နံနက် (၆)နာရီမှစတင်၍ မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနအသီးသီးတို့၌ ထုတ်ပြန်ပေးခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ စိတ်အေးချမ်းသာစွာ ကြည့်ရှုလျက်ရှိသည်။
အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအား လာရောက်ကြည့်ရှုသူများ စိတ်အေးချမ်းသာစွာ ကြည့်ရှုနိုင်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်ရှိ စာစစ်ဌာန(၂)ခုတွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်သား/ကျောင်းသူပေါင်း (၆၉၉)ဦးရှိကာ အောင်မြင်သူ (၃၃၈)ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၄၈.၃၅ ရာခိုင်နှုန်းရှိပြီး ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ်အများဆုံး(သိပ္ပံဘာသာတွဲ) ခြောက်ဘာသာဂုတ်ထူးရှင် (၁)ဦး၊ ငါးဘာသာဂုတ်ထူးရှင် (၈)ဦး၊ လေးဘာသာဂုတ်ထူးရှင် (၂)ဦး၊ သုံးဘာသာ ဂုတ်ထူးရှင် (၁၇)ဦး၊ နှစ်ဘာသာဂုတ်ထူးရှင် (၂၇)ဦးနှင့် တစ်ဘာသာဂုတ်ထူးရှင် (၉၀)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)