သင်္ဃန်းကျွန်း ဇွန် ၁၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)ရုံး၊ လူထု အခြေပြုဗဟိုဌာနတွင် ယနေ့နံနက် (၁၁)နာရီ၌ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး စာအုပ်၊ စာစောင်ပြပွဲ ကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်၊ စာစောင်ပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝါဝါဝင်းမြိုင်မှ ပြည်သူများစာကြည့်တိုက်များကို ပိုမိုအသုံးချတတ်လာပြီး၊ စာပေများကို လေ့လာဖတ်ရှုကာ စာပေအသိပညာ ဗဟုသုတများမြင့်မားလာစေရန်နှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို သိရှိပြီးရှောင်ရှားနိုင်ရန် ရည်ရွယ်၍ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပြပွဲတွင်အသိပညာ ဗဟုသုတများစွာ ရရှိစေမည့် သုတ၊ရသ စာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ပြည်သူများက စိတ်ဝင်တစား လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)