မုဒုံမြို့နယ် ကျိုက်ကာကျေးရွာတွင် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

မုဒုံ ဇွန် ၁၇

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်တွင်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျိုက်ကာ ကျေးရွာရှိ ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်က သင်တန်းဆင်း အမှာစကားပြောကြားရာတွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန်အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို ဖွင့်လှစ်သင်ကြား ပေးခြင်းဖြစ်ကြောင်း၊ သက်တန်းမှရရှိလာ သည့် အသိပညာများကိုလည်း သင်တန်းသူများက အကျိုးရှိရှိ လက်တွေ့အသုံးချ စေလိုကြောင်းနှင့် အဆင့်မြင့် စက်ချုပ်ပညာရပ်များကိုလည်း ဆက်လက်လေ့လာ သင်ယူစေ လိုကြောင်း ပြောကြားသည်။

ထို့နောက် မော်လမြိုင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တခရိုင် ဦးစီးမှူး ဦးမင်းမင်းစိုးနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ် များ ပေးအပ်ခြင်း၊ သင်တန်းတွင်ဆုရရှိသည့် သင်တန်းသူများအား ဆုချီးမြှင့်ပေးအပ်ခဲ့ကြပြီး သင်တန်းသူများ ချုပ်လုပ်ထားသည့် အထည်များကို ကြည့်ရှု အားပေးခဲ့ကြသည်။

အဆိုပါ သင်တန်းတွင် ကျေးရွာအတွင်းရှိ သင်တန်းသူ စုစုပေါင်း ၁၅ ဦးတက်ရောက်ကြပြီး သင်တန်း၌ ရင်စေ့၊ ရင်ဖုံး၊ ရုပ်အင်္ကျီ လက်တို၊ လက်ရှည်၊ သင်္ဘောသားအင်္ကျီစသည်တို့ကို စာတွေ့လက်တွေ့ဖြင့် တစ်လခွဲကြာ အခမဲ့ဖွင့်လှစ် သင်ကြားပို့ ချပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)