ကွန်ဟိန်းမြို့၊ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် ဓါတ်ပုံပြပွဲကျင်းပ

ကွန်ဟိန်း ဇွန် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် ဓါတ်ပုံပြပွဲအား ယနေ့နံနက်(၁၀:၀၀)နာရီ အချိန်ခန့်က အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ထွေးထွေးငယ်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းပြည့်စန္ဒီမြင့်က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းအရာများ၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဇင်မာသွယ်က မူးယစ်ဆေးဝါး၏ ဆိုးကျိုးအကြောင်းအရာများ ဟောပြောခဲ့ကြပြီး လုပ်သားရုပ်သံ ဒေါ်ဟေမာမျိုးက ရုပ်ပုံပြပုံပြောခြင်းအား ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ပြသထားသော အသိပညာပေးဓါတ်ပုံများ၊ နံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှု့ခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲအား ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေး၏ အန္တရာယ်ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိလာစေရန်၊ ဗဟုသုတများတိုးပွါးလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ကျောင်းသား/ကျောင်းသူ (၇၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ပြည့်(ကွန်ဟိန်း)