သာကေတ ဇွန် ၁၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မတ်လ (၃၀) ရက်နေ့က ကျင်းပပြုလုပ် ခဲ့သည့် တက္ကသိုလ်ဝင်ခွင့် အောင်စာရင်းကို စာစစ်ဌာန (၂) ခုတွင် ယနေ့ နံနက် (၆) နာရီ ၌ သက်ဆိုင်ရာစာစစ်ဌာနတွင် ထုတ်ပြန် ကြေညာလျက်ရှိကြောင်း သိရသည်။
သာကေတမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၆) ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၄) ကျောင်း၊ ဘုန်းတော်ကြီးသင် အထက်တန်းကျောင်း (၂) ကျောင်းရှိရာ စာရင်းရှိကျောင်းသား၊ ကျောင်းသူဦးရေ (၈၅၅) ဦးရှိပြီး ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူဦးရေ (၇၄၂) ဦးရှိရာ စာမေးပွဲဖြေဆိုအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူဦးရေမှာ (၃၂၁) ဦးရှိသဖြင့် စာမေးပွဲဖြေဆို အောင်မြင်သည့်ရာခိုင်နှုန်းမှာ (၄၃.၂၆) ရာခိုင်နှုန်း အောင်မြင်ကြောင်း သိရသည်။
သာကေတမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သည့် (၆) ဘာသာ ဂုဏ်ထူးရှင် ၁ ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် ၅ ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် ၆ ဦး၊ (၃) ဘာသာ ဂုဏ်ထူးရှင် ၇ ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် ၁၂ ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် ၆၇ ဦးစုစုပေါင်း (၉၈) ဦးရှိကြောင်း သိရသည်။
ဒေါ်ဆောင်းနှင်းဖြူ (ပြန်/ဆက်)