မိုးကုတ်မြို့နယ် ကျောင်ဆောင်ကျေးရွာ ဘုရားလေး(၁)ကျောက်မျက်လုပ်ကွက်ဟောင်းအတွင်း ကျောက်ရှာရာမှ မြေစာပြိုကျကာ လူတစ်ဦးပိမိ

မိုးကုတ် စက်တင်ဘာ ၇

ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ် ကျောက်ဆောင်ကျေးရွာ၊ ဘုရားလေး(၁) ကျောက်မျက်လုပ်ကွက်ဟောင်းတွင် ယနေ့ ညနေ ၅ နာရီ အချိန်ခန့်တွင် ကျောက်ရှာရာမှ လူတစ်ဦး မြေစာများ ပိမိနေခဲ့ကြောင်း  သတင်းရရှိသဖြင့် မိုးကုတ်မြို့နယ်ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့များမှ သွားရောက်ကူညီကယ်ဆယ်ခဲ့ရကြောင်း သိရှိရပါသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး မြေစာပိမိ‌နေသည့် ဘော်ဗဒါန်းကျေးရွာနေသူအား ရှေးဦးသူနာပြုလုပ်ငန်းများ ဆောင်ရွက်ပြီး မိုးကုတ်မြို့နယ် ပြည်သူ့ ဆေးရုံကြီး အရေးပေါ်လူနာဌာနသို့ ပို့ဆောင်ပေးခဲ့ကြသည်။ ၎င်းမှာ မြေစာပိမိသည့် ဒဏ်ကြောင့် ကျောဘက်ပွန်းပဲ့ ဒဏ်ရာများ၊ ခြေထောက် ပွန်းပဲ့ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

ကျော်ဇေယျာမြင့်(ပြန်/ဆက်)