ချောင်းဆုံ ဇွန် ၁၇
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ဇွန်လ ၁၇ ရက်နေ့ နံနက်က စတင်ကြေညာခဲ့ပြီးဖြစ်ရာ ချောင်းဆုံမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲကို (၅၉.၅၇)ရာခိုင်နှုန်းဖြင့် မွန်ပြည်နယ် (၁၀) မြို့နယ်တွင် တတိယနေရာရရှိခဲ့ကြောင်းသိရသည်။
ချောင်းဆုံမြို့နယ်မှ ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်းပေါင်း (၁၄)ကျောင်းနှင့် ပြင်ပဖြေဆိုသူအပါအဝင် ကျောင်းသား/သူ စုစုပေါင်း(၈၄၁)ဦးဖြေဆိုခဲ့ရာ အောင်မြင်သူ (၅၀၁)ဦး အောင်မြင်ခဲ့ပြီး (၆)ဘာသာဂုဏ်ထူးရှင်တစ်ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၄)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၉)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၂၅)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၃၈)ဦး၊ (၁) ဘာသာဂုဏ်ထူးရှင်(၁၆၁)ဦးဖြင့် ဂုဏ်ထူးရကျောင်းသား/သူ စုစုပေါင်း(၂၃၈)ဦးရှိပြီး ရိုးရိုးအောင်မြင်သူ (၂၆၃)ဦးရှိကြောင်းသိရသည်။
ချောင်းဆုံ(ပြန်/ဆက်)