မိုင်းပျဉ်းမြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ၂၃.၄၆% ရှိ

မိုင်းပျဉ်း ဇွန် ၁၇

၂၀၂၁−၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ(၃၁) ရက်နေ့မှ စတင်ကျင်းပပြုလုပ်ခဲ့ပြီး၊ ယနေ့၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများအား သက်ဆိုင်ရာမြို့နယ်များ/ကျောင်းများအသီးသီး၌ ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

ရှမ်းပြည်နယ်(အရှေိ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား အထကကျောင်းစာစစ်ဌာနတွင် ဘာသာတွဲအလိုက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းဖြေဆိုသူ စာရင်းရှိ(၈၈)ဦးရှိရာ၊ ပျက်ကွက်(၇)ဦး ဖြစ်သည့်အတွက် ဖြေဆိုသူ(၈၁)ဦးရှိခဲ့ပါသည်။ ယနေ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ရာတွင် မိုင်းပျဉ်းမြို့နယ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ဘာသာတွဲအလိုက် အောင်မြင်သူ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၁၉)ဦးဖြစ်ပြီး၊ တစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ(၈)ဦး၊ နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ(၁)ဦး၊ စုစုပေါင်းဂုဏ်ထူးဖြင့် အောင်မြင်သူ(၉)ဦးရှိပြီး၊ တစ်မြို့နယ်လုံးအနေဖြင့် အောင်ချက်ရာခိုင်နှုန်း ၂၃.၄၆% ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရပါသည်။

နန်းသန္တာဦး(ပြန်ဆက်)