မြစ်ကြီးနားခရိုင် တက္ကသိုလ်ဝင်တန်းအောင်မြင်မှု (၄၇)ရာခိုင်နှုန်းကျော်ရှိ

မြစ်ကြီးနား ဇွန် ၁၇

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို ဇွန် ၁၇ ရက်တွင် ထုတ်ပြန်ကြေငြာခဲ့ရာ မြစ်ကြီးနားခရိုင်အတွင်းရှိ မြို့နယ် (၆)မြို့နယ်ပေါင်း အောင်မြင်မှုရာခိုင်နှုန်း (၄၇)ရာခိုင်နှုန်းကျော်ရှိကြောင်း မြစ်ကြီးနားခရိုင် ပညာရေးမှူးရုံးမှ သိရသည်။

မြစ်ကြီးနားခရိုင်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန် ကျောင်းတွင်းနှင့် အပြင်ဖြေ ကျောင်းသား/သူ (၄၄၃၁)ဦး ရှိသည့်အနက် ကျောင်းသား/သူ (၃၉၆၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၁၈၆၆)ဦး အောင်မြင်မှုရခဲ့သဖြင့် အောင်ချက်ရာခိုင်နှုန်းမှာ (၄၇ ဒသမ ၅၉) ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရသည်။

မြစ်ကြီးနားခရိုင်အတွင်း မြို့နယ်(၆)မြို့နယ်တွင် မြစ်ကြီးနားမြို့နယ် ဖြေဆိုရန် စာရင်းပေးသွင်းသူ (၂၈၉၉)ဦးအနက် (၁၂၆၃)အောင်မြင်ကာ (၄၈ ဒသမ ၈၀) ရာခိုင်နှုန်း၊ ဝိုင်းမော်မြို့နယ်တွင် စာရင်းရှိ ကျောင်းသား/သူဦးရေ (၈၇၆) ဦးအနက် လာရောက်ဖြေဆိုသူ (၇၇၅)ဦးဖြစ်ပြီး (၃၉၃)ဦး အောင်မြင်သဖြင့် အောင်ချက်ရာခိုင်နှုန်း (၅၀ ဒသမ ၇၁)ရာခိုင်နှုန်း၊ တနိုင်းမြို့နယ်တွင် စာရင်းပေးသွင်းသူ (၅၂၀)ဦးအနက် (၄၈၅)ဦး ဝင်ရောက်ဖြေဆိုရာ (၁၉၁)ဦး အောင်မြင်သဖြင့် အောင်မြင်မှုရာခိုင်နှုန်းမှာ (၃၉ ဒသမ ၃၈) ရာခိုင်နှုန်း၊ ချီဖွေမြို့နယ်တွင် စာရင်းရှိဦးရေ (၁၀၄)ဦးအနက် ဝင်ရောက်ဖြေဆိုသူ (၈၅)ဦးမှ အောင်မြင်သူ (၃၁)ဦးဖြစ်၍ အောင်မြင်မှုမှာ (၃၆ ဒသမ ၄၇) ရာခိုင်နှုန်း၊ ဆော့လော်မြို့နယ်တွင် စာရင်းပေးသွင်းသူ (၁၉)ဦးအနက် (၁၈)ဦးဝင်ရောက်ဖြေဆို၍ (၃)ဦးအောင်မြင်မှုကြောင့် (၁၆ ဒသမ ၆၇) ရာခိုင်နှုန်း အောင်မြင်ခဲ့ပြီး အင်ဂျန်းယန်မြို့နယ်တွင် စာရင်းပေးသွင်းသူ (၁၃)ဦးအနက် (၁၂)ဦး ဝင်ရောက်ဖြေဆိုပြီး (၅)ဦးအောင်မြင်ခဲ့သဖြင့် (၄၁ ဒသမ ၆၇)ရာခိုင်နှုန်း အောင်မြင်ခဲ့သည်။         

ယော်ဆောင်(ပြန်/ဆက်)