ကျိုင်းတောင်းမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောပွဲကျင်းပ

ကျိုင်းတောင်း ဇွန် ၁၇

ကျိုင်းတောင်း ဇွန် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကို ယနေ့နံနက်ပိုင်း ၉ နာရီခွဲအချိန်ခန့်က အ​ခြေခံပညာအထက်တန်းကျောင်း(တုန်ဟုန်း)ရှိ စံပယ်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကျိုင်းတောင်းနယ်မြေရဲစခန်းမှ စခန်းမှူးကိုယ်စား ဒုရဲအုပ် ဦးဆက်ပိုင်ထူးက ကျောင်းသား၊ကျောင်းသူများအား မူးယစ်ဆေးဝါး၏ပြစ်မှုပြစ်ဒဏ်များနှင့် ဆိုးကျိုးများကို ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းသီဟထွန်းက မူးယစ်အန္တရာယ်တို့ကာကွယ် ဟူသောခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဟောပြောပွဲအပြီးတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိသော အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်  နံရံကပ် စာစောင်များ၊ နံရံကပ်ဓာတ်ပုံများကို ကျောင်းသား/ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရပြီး အဆိုပါဟောပြောပွဲသို့ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သီဟ(ပြန်/ဆက်)