ရှင်ဗွေယန်မြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ (၃၅.၂၉) ရာခိုင်နှုန်းရှိ

ရှင်ဗွေယန် ဇွန် ၁၇

မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိဒေသအသီးသီး၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူစာရင်းကို ယနေ့နံနက် (၆)နာရီတွင် သက်ဆိုင်ရာပညာရေးမှူးရုံးနှင့် စာစစ်ဌာန တို့တွင် ထုတ်ပြန်ထားပြီးဖြစ်ရာ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင်လည်း အ.ထ.က ရှင်ဗွေယန်ကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူစာရင်းကို ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် စာရင်းရှိ (၉၃) ဦး၊ ဖြေဆိုသူ (၈၅)ဦး၊ အောင်မြင်သူ (၃၀)ဦး အောင်ချက် ရာခိုင်နှုန်း (၃၅.၂၉) ရှိကြောင်း အ.ထ.က ရှင်ဗွေယန် ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။

အောင်စာရင်းထုတ်ပြန်ရာတွင် (၃) ဘာသာ (၂) ဉီး၊ (၂)ဘာသာ (၂)ဦး၊ (၁)ဘာသာ(၁၀)ဉီး၊ ရိုးရိုး အောင်မြင်သူ (၁၆) ဉီးရှိပြီး ပထဝီဝင် (၃) ဉီး၊ သမိုင်း (၆) ဉီး၊ ဘောဂဗေဒ (၁၁) ဉီး ဂုဏ်ထူး အသီးသီး ထွက်ရှိကြောင်း သိရသည်။

ရှင်ဗွေယန်(ပြန်/ဆက်)