မိုးနဲမြို့နယ် စာစစ်ဌာန၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

မိုးနဲ ဇွန် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌  ယနေ့နံနက် ၆ နာရီအချိန်က  ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မိုးနဲ (အ.ထ.က) စာစစ်ဌာန၌ ထုတ်ပြန်ကြေညာထားရှိရာ ကျောင်းသား/ကျောင်းသူများနှင့် ၎င်းတို့၏မိဘများမှ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၈ ရက်နေ့ထိ အတွဲ(၁) ဇီဝဗေဒ ဘာသာတွဲတွင် ၂၂ ဦး၊ အတွဲ (၂) ဝိဇ္ဇာ ဘာသာရပ်တွင် ၃ ဦးနှင့် အတွဲ (၇) ဘောဂဗေဒ ဘာသာတွဲတွင် ၁၈၀ ဦးရှိပြီး မိုးနဲမြို့နယ်စာစစ်ဌာန၌ ကျောင်းတွင်းဖြေဆိုသူများနှင့် အပြင်ဖြေ ဖြေဆိုရန်စာရင်းပေးသွင်းသူ စုစုပေါင်း ၂၀၅ ဦးရှိသည့်အနက် ၁၈၄ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြရာ ၅၉ ဦးအောင်မြင်ပြီး ဘောဂဗေဒဘာသာရပ်ကို ဂုဏ်ထူးရရှိသူ ၈ ဦးရှိကြောင်း၊ မိုးနဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ၃၂.၀၇  ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇင်ကိုကို (ပြန်/ဆက်)