မုဒုံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် များ ဖြန့်ဝေ

မုဒုံ ဇွန် ၁၇

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ဆောင်ရန်၊ ရှောင်ရန် အချက်များနှင့် အသိပညာဗဟုသုတများ ရရှိစေရန် အတွက် ယမန်နေ့က သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လိုက်လံ ပြောဟောခြင်းနှင့် လက်ကမ်းစာစောင် (၉)မျိုးကို ရွှေဟင်္သာစျေး၌ ဖြန့်ဝေသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မုဒုံမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သိမ့်သိမ့်အောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းမှ တပ်ဖွဲ့ဝင်များတို့က မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များနှင့် မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ စသည့်ဘေးအန္တရာယ်ဆိုင်ရာအချက်များကို လိုက်လံဟောပြောခဲ့ပြီး စျေးရောင်း၊ စျေးဝယ်ပြည်သူများ၊ ကားဂိတ်များနှင့် လူစည်ကားရာနေရာတို့၌ ဘေးအန္တရာယ်ဆိုင်ရာ (၉)မျိုးပါသည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)