ဥတ္တရသီရိမြို့နယ်အတွင်း ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန်

ဥတ္တရသီရိ ဇွန် ၁၇  

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာလျက်ရှိရာ အောင်ချက်ရာခိုင်နှုန်း ၄၅.၈၄ ရှိကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ်အတွင်း၌ စာစစ်ဌာန(၆)ခုတွင်  စာရင်းရှိ ကျောင်းသား၊ကျောင်းသူ (၁၀၆၉)ဦးရှိကာ ဖြေဆိုသူ(၉၉၉)ဦးရှိပြီး၊ စုစုပေါင်း အောင်မြင်သူ(၄၅၈)ဦးရှိကြောင်း၊ ဂုဏ်ထူးရှင် (၂၀၈)ဦးရှိရာ ခြောက်ဘာသာဂုဏ် (၆)ဦး၊ ငါးဘာသာ(၈)ဦး၊ လေးဘာသာ(၁၀)ဦး၊ သုံးဘာသာ (၂၆)ဦး၊ နှစ်ဘာသာ(၃၅)ဦး၊ တစ်ဘာသာ(၁၂၃)ဦး၊ ရိုးရိုးအောင်မြင်သူ(၂၅၀)ဦးရှိကြောင်း ၊စာမေးပွဲအောင်မြင်မှုရာခိုင်နှုန်း (၄၅.၈၄)ရှိကြောင်း၊ ယခင် ၂၀၂၀ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းတွင် အောင်မြင်သူရာခိုင်နှုန်း (၄၄.၁၀)ရှိရာ ယခုနှစ်တွင် အောင်မြင်မှုရာခိုင်နှုန်း (၁.၇၄)တိုးလာကြောင်း မြို့နယ်ပညာမှူးရုံးမှ သိရသည်။

ကျော်စွာဟိန်း(ပြန်/ဆက်)