စမ်းချောင်း ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၂-ခုနှစ် မတ်လ ၃၀ရက်နေ့က ပြုလုပ်ခဲ့သည့် တက္ကသိုလ်၀င်ခွင့်စာမေးပွဲ အောင်စာရင်းကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာစာစစ်ဌာန၌ ထုတ်ပြန်လျက်ရှိကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၄)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၂)ကျောင်းရှိပြီး ကျောင်းသား/ကျောင်းသူ (၂၃၈) ဦး ဖြေဆိုခဲ့ကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းက အောင်စာရင်းများ ထုတ်ပြန်ခဲ့ရာ စာရင်းရှိ (၂၈၂)ဦး၊ ဖြေဆိုသူ (၂၃၈)ဦးတွင် အောင်မြင်သူ (၁၁၁)ဦးရှိပြီး တစ်မြို့နယ်လုံးရာခိုင်နှုန်းအနေဖြင့် (၄၆.၆၄)ရာခိုင်နှုန်းအောင်မြင်ကာ ငါးဘာသာဂုဏ်ထူးရှင် (၄)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၄)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၄)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၁၀)ဦး စုစုပေါင်းဂုဏ်ထူးဖြင့် အောင်မြင်သူ (၄၁)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခင်ငြိမ်းချမ်းဝင်း