မြစ်သား ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူစာရင်းများအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီး၏ မြို့နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့နံနက်(၆)နာရီကစတင်၍ထုတ်ပြန်လျက်ရှိရာ မြစ်သားမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းအား ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက လာရောက်ကြည့်ရှုလျက်ရှိသည်။
တက္ကသိုလ်ဝင်တန်းအောင်မြင်သူများစာရင်း လာရောက်ကြည့်ရှုသူများ စိတ်အေးချမ်းသာယာစွာ ကြည့်ရှုနိုင်စေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
မြစ်သားမြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခုတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၈၇၃)ဦးရှိကာ အောင်မြင်သူ(၃၇၃)ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၄၂.၇၃ ရာခိုင်နှုန်းရှိသည့်အပြင် ခြောက်ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၂)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၁)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၂)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၁၈)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၇၅)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးဒေါ်မြင့်မြင့်သိန်းထံမှ သိရသည်။
သီတာအောင်(မြစ်သား)