ဗန်းမော်ခရိုင်အတွင်း၌ ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ (၁၆၅၂)ဦးအောင်မြင်

ဗန်းမော် ဇွန် ၁၇

ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက် ၆ နာရီတွင် စတင်ထုတ်ပြန်ကြေညာခဲ့ကာ ဗန်းမော်ခရိုင်အတွင်းရှိ ဗန်းမော်၊ မိုးမောက်၊ မန်စီနှင့် ရွှေကူမြို့နယ်တို့မှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် ကျောင်းသားကျောင်းသူ စုစုပေါင်း (၃၃၄၄)ဦးဖြေဆိုခဲ့ရာ အောင်မြင်သူ (၁၆၅၂)ဦးဖြစ်ပြီး (၄၉ ဒသမ ၄၀) ရာခိုင်နှုန်း အောင်မြင်ကြောင်း သိရသည်။

ဗန်းမော်ခရိုင်အတွင်းရှိ ဗန်းမော်မြို့နယ်တွင် ဖြေဆိုသူ(၂၀၅၅)ဦး အောင်မြင်သူ(၁၀၅၃)ဦးဖြစ်ပြီး (၅၁ ဒသမ ၂၄)ရာခိုင်နှုန်း၊ မိုးမောက်မြို့နယ် တွင် ဖြေဆိုသူ(၃၂၅)ဦး အောင်မြင်သူ(၁၃၆) ဦးဖြစ် ပြီး (၄၁ ဒသမ ၈၅)ရာခိုင်နှုန်း၊ မန်စီမြို့နယ်တွင် ဖြေဆိုသူ(၂၅၂)ဦး အောင်မြင်သူ(၁၀၄)ဦး ဖြစ်ပြီး (၄၁ ဒသမ ၂၇) ရာခိုင်နှုန်းနှင့် ရွှေကူမြို့နယ်တွင် ဖြေဆိုသူ(၇၁၂) ဦးအောင်မြင်သူ(၃၅၉) ဦးဖြစ်ပြီး (၅၀ ဒသမ ၄၂)ရာခိုင်နှုန်းတို့ အသီးသီးအောင်မြင်ခဲ့ကြသည်။

ဗန်းမာ်ခရိုင်အတွင်း၌ စုစုပေါင်းဖြေဆိုသူ စုစုပေါင်း (၃၃၄၄)ဦးရှိပြီး အောင်မြင်သူ စုစုပေါင်း (၁၆၅၂)ဦး ‌အောင်မြင်သည့် ရာခိုင်နှုန်းမှာ(၄၉ ဒသမ ၄၀)ဖြစ်ပြီး (၅)ဘာသာဂုဏ်ထူးကို ()ဦး၊ (၄)ဘာသာဂုဏ်ထူးကို ()ဦး၊ (၃)ဘာသာဂုဏ်ထူးကို (၇၀)ဦး၊ (၂)ဘာသာဂုဏ်ထူးကို (၉၉)ဦးနှင့် (၁)ဘာသာဂုဏ်ထူးကို (၄၉၈)ဦးတို့အား အသီးသီးရရှိကြောင်း ဗန်းမော်ခရိုင်ပညာရေးမှူးရုံးထံမှ သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)