နမ္မတူ ဇွန်-၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယနေ့နံနက် (၆)နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ကပ်ထားကြေညာခဲ့ရာ ကျောင်းသားကျောင်းသူ (၉၃)ဦး အောင်မြင်ပြီး အောင်မြင်ရာခိုင်နှုန်း ၄၀.၆၁ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နမ္မတူမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာရင်းရှိ ကျောင်းသား/ကျောင်းသူ (၂၅၃)ဦးရှိပြီး၊ (၂၂၉)ဦး ဝင်ရောက်ဖြေဆိုကာ (၉၃)ဦး အောင်မြင်ခဲ့ပြီး အောင်မြင်ရာခိုင်နှုန်း ၄၀.၆၁ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးထံက သိရသည်။
လူမော်(ပြန်/ဆက်)