ကွမ်းလုံမြို့၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းထုတ်ပြန်

ကွမ်းလုံ ဇွန် ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ယနေ့နံနက် (၆)နာရီအချိန်က ကွမ်းလုံမြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာအထက်တန်းကျောင်း (ကွမ်းလုံ)တို့တွင် ထုတ်ပြန်ခဲ့သည်။

ကွမ်းလုံမြို့၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းတွင်းဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၆၉) ဦးရှိပြီး အောင်မြင်သူ (၂၅)ဦးရှိကာ အပြင်ဖြေဆိုသူ(၃၄)ဦးရှိပြီး အောင်မြင်သူ(၁၇) ဦးရှိသဖြင့် အောင်ချက်ရာခိုင်နှုန်းအနေဖြင့် ကွမ်းလုံတစ်မြို့နယ်လုံးတွင် (၄၀.၇၈) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများအနေဖြင့် တစ်ဘာသာဂုဏ်ထူးရှင်(၁၀)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၁)ဦး တို့ဖြစ်ပြီး ဂုဏ်ထူးရဘာသာများမှာ သင်္ချာ၊ ဇီဝ၊ ပထဝီဝင်၊ သမိုင်းနှင့် ဘောဂဘာသာရပ်တို့ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)