ဘူးသီးတောင် ဇွန် ၁၇
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထုတ်ပြန်ခြင်းကို ယနေ့ နံနက် ၆ နာရီ အချိန်မှစတင်၍ မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာန အသီးသီးတို့၌ ထုတ်ပြန်ပေးခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ စိတ်အေးချမ်းသာစွာ ကြည့်ရှုလျက်ရှိသည်။
အဆိုပါတက္ကသိုလ်ဝင်တန်းအောင်မြင်သူများစာရင်းအား လာရောက်ကြည့်ရှုသူများ စိတ်အေးချမ်းသာစွာကြည့်ရှုနိုင်စေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများက ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်ရှိ စာစစ်ဌာန(၅)ခုတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၈၉၃) ဦးရှိကာ အောင် မြင်သူ (၇၉၁)ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၄၁. ၇၉% ရာခိုင်နှုန်းရှိပြီး ငါးဘာသာဂုဏ်ထူးရှင် (၄)ဦး၊ လေးဘာ သာဂုဏ်ထူးရှင်(၄) ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၉)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၂၁)ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် (၁၈၉)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
လှကျော် (ပြန်/ဆက်)