ရန်ကင်း ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်း ထုတ်ပြန်ကြေညာထားရာ ရန်ကင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၂-ခုနှစ် မတ်လ ၃၀ရက်နေ့မှ ပြုလုပ်ခဲ့သည့် တက္ကသိုလ်၀င်ခွင့်စာမေးပွဲ အောင်စာရင်းကို အမှက်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်လျက်ရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၂)ကျောင်းရှိရာ စာရင်းရှိ ကျောင်းသား၊ ကျောင်သူဦးရေမှာ (၃၅၂)ဦးရှိပြီး၊ ဖြေဆိုသူ (၃၁၇)ဦး ဝင်ရောက်ဖြေဆိုရာ အောင်မြင်သူပေါင်းမှာ (၁၇၆)ဦး၊ ကျောင်းသား/ သူပေါင်း (၅၅.၅၂) ရာခိုင်နှုန်း အောင်မြင်ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်၌ ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၅)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၅)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၇)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၉)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၄၅)ဦး၊ စုစုပေါင်း ဂုဏ်ထူးဖြင့် အောင်မြင်သူ (၇၄)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အိရွှေစင်(ပြန်/ဆက်)