တောင်ပြိုလက်ဝဲ ဇွန် ၁၇
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယနေ့နံနက်ပိုင်းက တောင်ပြိုလက်ဝဲမြို့၊ စာစစ်ဌာန အ.ထ.ကကျောင်း၌ တက္ကသိုလ်၀င်ခွင့် စာမေးပွဲအောင်စာရင်းကို ထုတ်ပြန်ထားကြောင်း သိရသည်။
တောင်ပြိုလက်ဝဲမြို့၊ အ.ထ.ကကျောင်းတွင် ယနေ့နံနက်ပိုင်းက အောင်စာရင်းများ ထုတ်ပြန်ခဲ့ရာစာရင်းရှိ (၁၂၅) ဦး၊ ဖြေဆိုသူ (၁၁၉) ဦးတွင် အောင်မြင်သူ (၆၁) ဦးရှိပြီး တောင်ပြိုလက်ဝဲမြို့စာစစ်ဌာနတွင် အောင်မြင်သူရာခိုင်နှုန်းအနေဖြင့် (၅၁.၂၆) ရာခိုင်နှုန်း အောင်မြင်ကာ သုံးဘာသာ (၁၁) ဦး၊ နှစ်ဘာသာ(၁၂)ဦး၊ တစ်ဘာသာ (၂၀) ဦး၊ စုစုပေါင်း ဂုဏ်ထူးဖြင့်အောင်မြင်သူ (၄၃) ဦးနှင့် ရိုးရိုးအောင်မြင်သူ (၁၈) ဦးရှိပြီး အောင်မြင်သူ စုစုပေါင်း(၆၁)ရှိကြောင်း တောင်ပြိုလက်ဝဲ မြို့၊ အ.ထ.ကကျောင်းမှ သိရသည်။
သိန်းနိုင်(ပြန်/ဆက်)