မွန်ပြည်နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်၀င်ခွင့်စာမေးပွဲ ၅၇.၂၁ ရာခိုင်နှုန်း ဖြေဆို အောင်မြင်

မော်လမြိုင် ဇွန် ၁၇

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၂ခုနှစ် မတ်လ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သည့် တက္ကသိုလ်၀င်ခွင့်စာမေးပွဲအောင်စာရင်းကို ယနေ့နံနက်ပိုင်း က သက်ဆိုင်ရာ စာစစ်ဌာန၌ ထုတ်ပြန်လျက်ရှိကြောင်း သိရသည်။

မော်လမြိုင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၂၀)​ကျောင်း၊ အခြေခံ ပညာအလယ်တန်းကျောင်း (၁၄)ကျောင်း၊ မူလတန်း​ကျောင်း (၁၁၃)​ကျောင်း၊ စုစုပေါင်း (၁၄၇​)ကျောင်းရှိပြီး ကျောင်းသား၊ ကျောင်းသူ (၂၅၁၃) ဦးဖြေဆိုခဲ့ကြ​ကြောင်းသိရှိရသည်။

ယနေ့နံနက်ပိုင်းတွင် အောင်စာရင်းများ ထုတ်ပြန်ခဲ့ရာ ‌မော်လမြိုင်မြို့နယ်တွင် ဖြေဆိုသူ(၂၅၁၃) ဦးတွင် အောင်မြင်သူ (၁၆၉၀) ဦး ရာခိုင်နှုန်းအနေဖြင့်(၆၇.၂၅) ရာခိုင်နှုန်း ဖြေဆို အောင်မြင် ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရှိရသည်။

မွန်ပြည်နယ်အတွင်း တက္ကသိုလ်၀င်တန်း စာမေးပွဲကို စာရင်းရှိ(၁၁၉၁၇)ဦး ရှိရာဖြေဆိုသူ(၁၁၂၁၂)ဦးတွင် အောင်မြင်သူ (၆၄၁၄) ဦးရှိပြီး  မွန်ပြည်နယ်  ရာခိုင်နှုန်းအနေဖြင့် (၅၇.၂၁) ရာခိုင်နှုန်း အောင်မြင်ကြောင်းကို ပြည်နယ်ပညာရေးမှူးထံမှ သိရှိရသည်။

ခင်စန်းမြင့် ခရိုင် ပြန်/ဆက်